Saturday, 9 April 2011

တေးဘုမ္မာရှင်းတမ်း ...

ဘာသာတရားနှင့် ကင်းဝေးလာသည်နှင့်အမျှ
ရုပ်ဝထ္တုပစ္စည်းများ၏ စွဲဆောင်မှုကို မတွန်းလှန်နှိုင်ပါ။ ...
 
TayBonMar by zawlay1979https://soundcloud.com/zawlay1979/taybonmar?utm_source=clipboard&utm_medium=text&utm_campaign=social_sharinghttps://soundcloud.com/zawlay1979/taybonmar?utm_source=clipboard&utm_medium=text&utm_campaign=social_sharing

Sunday, 3 April 2011

နတ်လူတို့ ပျက်စီးကြောင်းတရား ( ပရာဘဝသုတ် )

          အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ
ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန်
ကျောင်းတော်၌ သီတင်းသုံးနေထိုင်တော်မူ၏ ... ထိုအခါ နတ်
ဗြဟ္မာအပေါင်းတို့သည် မြတ်စွာဘုရားထံတော် မှ မင်္ဂလသုတ်
တော်ကို ကြားနာရ၍ မိမိတို့သိလိုသော သတ္တဝါများ၏ ကြီးပွား
ချမ်းသာကြောင်းများကို သိရှိကြရပြီး ထိုမှတစ်ပါး သတ္တဝါများ၏
ပျက်စီးဆုတ်ယုတ်ကြောင်းကိုလည်း သိလိုကြပြန်သေးသည် ...
ထို့ကြောင့် မြတ်စွာဘုရားထံ ထပ်မံလျှောက်ထားရန် အကြံဖြစ်
ပေါ်လာရ၏ ...
    မင်္ဂလသုတ်တော် ကြားနာရပြီး နောက်တစ်နေ့၌ သိ
ကြားမင်း၏ ခိုင်းစေချက်အရ နတ်သားတစ်ပါး လျှောက်ထားမေး
မြန်း၍ ဤပရာဘဝ သုတ်တော်ကို အောက်ပါအတိုင်း မြတ်စွာဘု
ရား ဟောကြားတော်မူခဲ့ပါသည် ...

Saturday, 26 March 2011

ဘာဖြစ်ဖြစ်ကွယ် ...

Lay Phyu ( ဘာဖြစ်ဖြစ်ကွယ် ... ) by zawlay1979

ဘာဖြစ်ဖြစ်ကွယ် ဘဝဟာတန်ဖိုးရှိတယ် ...
နေဖြစ်သလောက်တော့ လောကကြီးထဲ နေဖို့သင့်တယ် ...
သေပစ်လိုက်မယ် ဘာထူးသေးလဲ ...
ဒီလိုမင်းမတွေးနဲ့ မစဉ်းစားနဲ့ သူငယ်ချင်းရယ် ...
ဘယ်နေ့မှန်းလဲ ဘယ်သူမှမသိတယ် ...
လူတိုင်းတနေ့တော့ လမ်းခွဲရမယ် မထူးဆန်းတယ် ...
တကယ်တန်းတွေးရင် ဘဝဟာ အကုန်အမြတ်ကြီးပဲ ...
တစက္ကန့်မှ မင်းမရှုံးဘူး နေပျော်ပါတယ် ...
ဒီအမှောင်ထဲနေဖို့ အလင်းရှိမယ် ...
ဘဝမောဖြည်ဖို့ အားပေးမယ် ...
လူသားဆန်တဲ့ နှလုံးသားရယ် မေတ္တာရှိတယ် ...
အမှောင်ထဲနေဖို့ အလင်းရှိမယ် ...
ဘဝမောဖြည်ဖို့ အားပေးမယ် ...
သံယောဇဉ်ရယ် အနွေးဓါတ်နဲ့ မေတ္တာတရားရှိတယ် ...
ငါတို့မရှိတဲ့ တချိန်ကျတော့လဲ ...
ကမ္ဘာကြီးကတော့ မပြောင်းလဲဘူးကွယ် ...
အရင်တိုင်းပဲ လူအသစ်များနဲ့ အသက်ရှင်လည်ပတ်လိမ့်မယ် ...
မျှော်လင့်ချက်အသစ် အသစ်တွေအမြဲဆက်ရင်း အိမ်မက်လိမ့်မယ် ...
ဒီအမှောင်ထဲနေဖို့ အလင်းရှိမယ် ...
ဘဝမောဖြည်ဖို့ အားပေးမယ် ...
လူသားဆန်တဲ့ နှလုံးသားရယ် မေတ္တာရှိတယ် ...
အမှောင်ထဲနေဖို့ အလင်းရှိမယ် ...
ဘဝမောဖြည်ဖို့ အားပေးမယ် ...
သံယောဇဉ်ရယ် အနွေးဓါတ်နဲ့ မေတ္တာတရားရှိတယ် ...
ဘာဖြစ်ဖြစ်ကွယ် ဘဝဟာတန်ဖိုးရှိတယ် ...

Sunday, 20 March 2011

လမ်းမသိသောယင်ကောင် ...


         စားသောက်ဆိုင်၏ တိတ်ဆိတ်ငြိမ်သက်သော အခန်းလေးတစ် ခုတွင်း ကျွန်တော်ထိုင်နေသည် ... စားသောက်ဆိုင်က မြို့ပြင်ကျကျ တစ်နာရီခရီး အ  ကွာလောက် တောင်တန်းများပင် မြင်နေ၇သည့်
ငြိမ်းချမ်းသော နေရာကလေး ...      သို့သော် ကျွန်တော်နှင့် သုံးလေးပေ အကွာလောက်တွင် သေ
ရေး ရှင်ရေးတမျှ အမောတကော ကြိုးပမ်း ရုန်းကန်သံ တစ်ခုက နားထဲဝင်ရောက်လာသည် ...                               ကောင်လေးတစ်ကောင် ပြတင်းပေါက်မှန်ချပ်  ကို ဖောက် ထွက်ဖို့ အသည်းအသန် ကြိုးစားနေ
သည် ... သူ့ခန္ဒာကိုယ်၌ ကြွင်းကျန်သမျှ စွမ်းအားကို ဖြစ်နှိုင်စရာ မရှိသည့် အရေးကိစ္စအတွက် သူ
ဖြုန်းတီးနေသည် ...

Friday, 18 March 2011

ပညာရှိဖြစ်ချင်သူ ...

     တခါတုန်းက ဂရိနိုင်ငံ အေသင်မြို့မှာ ဉာဏ်ပညာအမြော်အမြင်
အလွန်ကြီးမားချင်တဲ့ လူငယ်တစ်ယောက် ရှိသည်။
     ထိုလူငယ်သည် မြို့ရဲ့ ပညာဉာဏ် အကြီးမားဆုံးလို့ကျော်ကြားတဲ့
အတွေးအခေါ်ပညာရှင် ဆော့ခရေတ္ထိ ဆိုသူထံ အကြံဉာဏ်သွား
တောင်းခံ၏ ပညာရှိဖြစ်ရန် ဘယ်ကဲ့သို့လုပ်ဆောင်ရမည်ဟူ၍ ဖြစ်၏
     ထိုပညာရှိ မှာ ဒဿန စကားပိုင်းအရာတွင် စကားဝိုင်းများတွင်း
ထက်ထက်သန်သန် ဆွေးနွေးဝေဖန်တတ်သော်လည်း သာမာန်အား
ဖြင့် နူတ်ဆိတ် သူတစ်ဦးဖြစ်သည်။ လူငယ်က သူ့အားမေးသော်သူက
ဘာမှမဖြေပဲ ပင်လယ်ကမ်းခြေသို့သာ ခေါ်ဆောင်သွားသည်။

Sunday, 6 March 2011

အမေ့ အမှတ်တရ ...

“ အမေ … ”
                   ကျွန်တော် ခေါ်ချင်ပေမဲ့ အမေက မရှိတော့ဘူးနောျ … တကယျတမျး ကြှနျတော့ဆန်ဒ

Saturday, 5 March 2011

ဒီဃနိကာယ် ပါထိကဝဂ်ပါဠိတော် စက္ကဝတ္တိသုတ် လူ့သက်တမ်းတိုရခြင်းအကြောင်း …

အခါတစ်ပါး၌ မြတ်စွာဘုရားရှင်သည် မဂဓတိုင်း မာတုလမြို့၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား
ခေါ်ယူ၍ ဤတရားကို မိန့်တော်မူ၏ …
   ရဟန်းတို့ ထိုအခါ မင်းမျိုးဖြစ်သော ဦးထိပ်၌ ဘိသိက်သွန်းပြီးသောမင်းသည် အမှုဆောင်အမတ်
များဘဏ္ဍာရေးအမတ်များ အမတ်ချုပ်များ စစ်သည်ဗိုလ်ပါများ တံခါးမှူးများနှင့် ပညာရှိ ( ပုရောဟိတ် )
အမတ်များတို့ကို စည်းဝေးစေ၍ အပြစ်ကင်းသော စကြဝတေးမင်း ကျင့်ဝတ်ကိုမေး၏ … မေးသည်ရှိ
သော် ထိုအမတ်တို့သည် အပြစ်ကင်းသော စကြဝတေးမင်း ကျင့်ဝတ်ကိုထိုမင်းအား ဖြေကြားကုန်၏ …
   အမတ်တို့၏စကားကိုကြား၍ တရားနှင့်လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်စေ
၏ … ပစ္စည်းဥစ္စာမရှိသူတို့အား ပစ္စည်းဥစ္စာကို မပေး … ပစ္စည်းဥစ္စာမရှိသူတို့အား ပစ္စည်းဥစ္စာ မပေးသည်ရှိ
သော် ဆင်းရဲ့ခြင်းပွားများလာ၏ … ဆင်းရဲခြင်းပွားများလာသောအခါ ယောကျ်ားတစ်ယောက်သည် သူတစ်
ပါးတို့မပေးသော ဥစ္စာကို ခိုးလိုသောစိတ်ဖြင့် ခိုးယူ၏ … ထိုယောကျ်ားကို ဖမ်းကုန်၏ … ဖမ်းပြီးလျှင် မင်း
မျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသောမင်းအား “ မင်းမြတ် ဤယောကျ်ားသည် သူတစ်ပါးတို့မ
ပေးသော ဥစ္စာကို ခိုးယူလိုသောစိတ်ဖြင့် ယူပါ၏ ” ဟုဆိုပြကုန်၏ …

ကေသမုတ္တိသုတ် (ခေါ်) ကာလာမသုတ် ...

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် ...


အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလ တိုင်းတို့၌ ဒေသစာရီ

ကြွချီတော်မူလတ်သော် ကာလာမမင်းတို့၏ ကေသမုတ္တိ မည်သော နိဂုံးသို့ ရောက်တော်မူ၏ ... ကေသ

မုတ္တိနိဂုံးသား ကာလာမမင်းတို့သည် ဤသို့ ကြားသိကြကုန်၏ ...


“ အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမ သည် ကေသမုတ္တိနိဂုံး

သို့ ရောက်လာတော်မူ၏ ... ထို အသျှင်ဂေါတမ၏ ကောင်း သော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍

ထွက်၏ ... ထို မြတ်စွာဘုရားသည် ပူဇော်အထူး ကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ

မည်တော်မူ၏ ... ထိုသို့သဘောရှိသော ရဟန္တာပုဂ္ဂိုလ်တို့အား ဖူးမြော်ရ ခြင်းသည် ကောင်းသည် သာတည်း ”

ဟု ကြားသိကြကုန်၏ ...

Saturday, 12 February 2011

စကားပြောခြင်းဆိုသည်မှာ ...

   စကား စကား ပြောပါများ  စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ  တရားထဲက ပါဠိရ ဆိုသော
စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အသက်ရှင်နေထိုင်ရသူတိုင်းသည်
အဓိက ပေါင်းသင်းဆက်ဆံရေး လက်နက်အဖြစ် စကားကိုနေ့စဉ်နှင့် အမျှ ပြောဆိုနေကြရသည် ...
ထိုစကားများကိုပြောရင်း အချို့မှာ လူချစ်လူခင်ပေါများပြီး လိုရာဆန္ဒပြည့်ဝစွာ နေရ၏ ... အချို့မှာကား
ဤသို့မဟုတ်ကြ လူအများ၏ မုန်းတီးခြင်းကို ခံရပြီး ဘဝ၏ တိုးတက်ကြီးပွားမှုများနှင့်ကင်းဝေးကာ လိုရာ
ဆန္ဒ မပြည့်ဝဘဲ နေကြရ၏ ...
   မန်လည်ဆရာတော်ဘုရားကြီး၏ မာဃဒေဝလင်္ကာတွင် “ လောကီလူတမ်း ၊ လူ့နှုတ်ခမ်းကား ၊ ချီးမွမ်းကဲ့
ရဲ့ ၊ ဖြစ်ခဲ့တက်ခဲ့ရှင့် ၊ ပြစ်ဖွဲကြည်ညို ၊ ပြောကြဆိုလည်း ၊ ပြောဆိုသူနှင့် ၊ နှိုင်းကာချင့်တည့် ၊ ယခင်ထို
သူ ၊ ယုတ်မြတ်ဟူသည် ၊ အယူတူမျှ ၊ ကြည်ညိုကြ၏ ”  ( ၂၆၁ ) ဟူ၍ဖေါ်ပြထားသည် ... အဓိပ္ပါယ်မှာ လူ
လောက ထုံးတမ်းအစဉ်အလာအရ လူတို့သည် ပါးစပ်ဖြင့် ချီးမွန်းခြင်း ၊ ကဲ့ရဲ့ခြင်း ပြုကြ၏ ... လူတစ်ဦးကို
အပြစ်တင်ခြင်း ၊ အကောင်းပြောဆိုခြင်းတို့သည် ပြောသူက မိမိနှင့် နှိုင်းယှဉ်ပြီး ပြောခြင်းသာဖြစ်၏ ...
ယုတ်ညံ့ခြင်း ၊ မြင့်မြတ်ခြင်းဟူသည်မှာလည်း တစ်ဦးနှင့်တစ်ဦး သဘောအယူအဆခြင်း တူညီကြလျှင်
ယုတ်ညံ့သူဖြစ်စေ ၊ မြင့်မြတ်သူဖြစ်စေ တစ်ဦးနှင့်တစ်ဦး ကြည်ညိုကြသည်သာဖြစ်သည် ...

ရိုးစင်းသောဘဝရဲ့ပျော်ရွှင်မှု ...

Yo Shin Thaw Bawa Ye Pyaw Shwin Hmu by zawlay1979
တစ်ခါတစ်လေမှာ တစ်ယောက်ထဲနဲ့ .. တစ်နေကုန် ဆုံချည်ဆန်ချည် အလုပ်ကြားထဲ ..
ငါလေ ရှေ့ဆက်ရမယ့် မနက်ဖြန် အားအပြည့် ရချင်တယ် ..

နေရောင်ခြည် မဟုတ်လဲပဲ .. ကြယ်စင် လောက်တော့ ငါ့ရဲ့လက်တစ်ကမ်း အတွေး ..
ကိုယ်တတ်စွမ်း သလောက် အလင်းရောင် အနွေးဓာတ် ပေးခဲ့တယ် ..

ရွှေငွေနဲ့ ဂုဏ်သိမ်ဓာတ် တို့ မရှိလဲ နေနိုင်ပါတယ် တစ်သက်လုံး ..
အလိုအပ်ဆုံးက ဘဝကို အရိုးသားဆုံး နေဖို့ ..

နာရီ စက္ကန့်များက ရှားပါးလွန်းတယ် ..
ကိုယ့်ဘဝကို စိတ်ကြိုက်နေလိုက် ..
ရိုးဆန်းလွန်းတဲ့ ဘဝက အကောင်းဆုံးမို့ ..

တစ်ခါတစ်လေမှာ တစ်ယောက်ထဲနဲ့ .. တစ်နေကုန် ဆုံချည်ဆန်ချည် အလုပ်ကြားထဲ ..
ငါလေ ရှေ့ဆက်ရမယ့် မနက်ဖြန် အားအပြည့် ရချင်တယ် ..

နေရောင်ခြည် မဟုတ်လဲပဲ .. ကြယ်စင် လောက်တော့ ငါ့ရဲ့လက်တစ်ကမ်း အတွေး ..
ကိုယ်တတ်စွမ်း သလောက် အလင်းရောင် အနွေးဓာတ် ပေးခဲ့တယ် ..

ရွှေငွေနဲ့ ဂုဏ်သိမ်ဓာတ် တို့ မရှိလဲ နေနိုင်ပါတယ် တစ်သက်လုံး ..
အလိုအပ်ဆုံးက ဘဝကို အရိုးသားဆုံး နေဖို့ ..

နာရီ စက္ကန့်များက ရှားပါးလွန်းတယ် ..
ကိုယ့်ဘဝကို စိတ်ကြိုက်နေလိုက် ..
ရိုးဆန်းလွန်းတဲ့ ဘဝက အကောင်းဆုံးမို့ ..

ရွှေငွေနဲ့ ဂုဏ်သိမ်ဓာတ် တို့ မရှိလဲ နေနိုင်ပါတယ် တစ်သက်လုံး ..
အလိုအပ်ဆုံးက ဘဝကို အရိုးသားဆုံး နေဖို့ ..

နာရီ စက္ကန့်များက ရှားပါးလွန်းတယ် ..
ကိုယ့်ဘဝကို စိတ်ကြိုက်နေလိုက် ..
ရိုးဆန်းလွန်းတဲ့ ဘဝက အကောင်းဆုံးမို့ ..

တွေ့ဆုံချိန်မှာ တန်ဖိုးထား...

တွေ့ဆုံချိန်မှာ မိုးရွာချင်ရွာနေမယ်၊ နေသာချင်သာနေလိမ့်မယ် ...
ဒါပေမယ့် ရင်ထဲမှာ စိတ်လှုပ်ရှားမှု၊ အပျော်တွေ ကိုယ်စီရှိနေကြတယ် ...
မြို့က အကျယ်ကြီး၊ ကမ္ဘာကြီးကလည်း မသေးဘူး ...
ဒီလို ကြီးမားကျယ်ပြန့်တဲ့ နေရာမှာ အချင်းချင်းတွေ့ဆုံဖို့ ဆိုတာကို တစ်ခါမှ မတွေးခဲ့မိဘူး ... လူတစ်ယောက်ကို သိဖို့လွယ်ပေမယ့် တွေ့ဆုံဖို့ဆိုတာ ခက်ခဲလွန်းတယ်။ တစ်နေရာစီမှာ ရှိနေကြတဲ့ အစက်လေး နှစ်စက်အတွက် တွေ့ဆုံဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး ...
ဒါပေမယ့်... တွေးကြည့်ခဲ့ဖူးရဲ့လား ? ...
လူတွေ သိန်း၊ သန်းပေါင်းများစွာ စုရုံးနေတဲ့ ဂြိၤုလ်ပြာကြီးထဲမှာ ဘာကြောင့် ငါတို့တွေ့ဆုံခဲ့ကြသလဲ ? ...
ငယ်ငယ်တုန်းက နားထောင်ခဲ့ဖူးတဲ့ ရာဇဝင်ပုံပြင်ထဲမှာ ...
ရေသူမလေး ရေပြင်ပေါ်ဘွားခနဲ့ ပေါ်လာတဲ့အချိန် မင်းသားရဲ့သင်္ဘောလည်း အဲဒီနေရာကို ဖြတ်သွားတဲ့ အချိန်ဖြစ်နေတယ် ... တောထဲမှာ မင်းသား လှည့်လည်နေတဲ့အချိန် မျှော်လင့်မထားဘဲ စနှိုးဝိုက်နဲ့ တွေ့ဆုံခဲ့တယ်။ တွေ့ဆုံခြင်းက ဒီလောက်ပဲ တိုက်ဆိုက်နိုင်ခဲ့သလား ? ... အဲဒီတွေ့ဆုံခြင်းမှာ နင်ရှိခဲ့တယ်၊ ငါရှိခဲ့တယ် ... တစ်ချိန်တည်း၊ တစ်နေရာတည်းမှာ အချင်းချင်း တွေ့မြင်ကြပြီဆိုရင် ... တွေ့ဆုံခြင်းပါတဲ့ ...
ဂျပန်ကား "Now and Then" က ဇာတ်လိုက်တွေက ဇာတ်လမ်းရဲ့နောက်ဆုံးမှာ ဖဲကြိုးရှည်တွေ လွတ်ပြီး ဒီအချိန်၊ ဒီနေရာမှာ ဒီလူတွေ ရှိခဲ့ကြတယ်ဆိုတာကို အထိမ်းအမှတ် လုပ်ခဲ့ကြတယ် ... ဒါပေမယ့် လူအများရဲ့ တွေ့ဆုံခြင်းမှာ နှုတ်ဆက်ခြင်း၊ အထိမ်းအမှတ်ပြုခြင်းတွေ မရှိခဲ့ကြဘူး ... တစ်ချို့ရဲ့တွေ့ဆုံခြင်းက မျဉ်းကြားမှာ လမ်းဖြတ်ကူးသလိုပဲ ပုခုံးချင်းတိုက် မျက်နှာလွဲှခဲ့ကြတယ် ... နှုတ်ဆက်ဖို့ဆိုတာ ဝေးလို့ သူတို့အနားမှာ ပုခုံးချင်း ပွတ်တိုက်သွားတဲ့ လေစိမ်းတွေသာ ကျန်ရစ်ခဲ့တယ် ...
တကယ်တော့ တွေ့ဆုံဖို့ဆိုတာ မလွယ်လှပါဘူး။ လုံးဝ မလွယ်လှပါဘူး ...
တစ်ခါတလေမှာ ဒီလူ၊ ဒီလူနဲ့ ဒီနေရာမှာ အရမ်းတွေ့ချင်မိတယ်၊ တစ်ခါလောက် ဒီလူ၊ ဒီလူနဲ့ ထပ်ဆုံချင်ပေမယ့် တွေ့ဆုံခြင်းက ဝေး,ဝေးနေခဲ့တယ် ...
ဒါကြောင့် အချင်းချင်း တွေ့ဆုံချိန်မှာ တန်ဖိုးထားကြပြီး နွေးထွေးမှု၊ အကြင်နာတွေ ပိုပါစေ ...
ခွဲခွါခါနီးမှာ "see you"လို့ ပြောဖို့ မမေ့ပါနဲ့ ...
အပြုံးတွေနဲ့ တွေ့ဆုံကြမယ်၊ အပြုံးတွေနဲ့ ခွဲခွါကြမယ် ...
အပြုံးတွေနဲ့ နောက်ထပ်တစ်ခါ တွေ့ဆုံကြစို့...

အကျင့်ဆိုး ...