Sunday, 23 May 2010

ဘဝကောင်းကြောင်းလေးပါး ...

စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ

မဟာဓမ္မကထိက ဗဟုဇနဟိတဓရ

အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ

အဂ္ဂမဟာပဏ္ဍိတ

အရှင်ဦးဥာဏိဿရ

ဟောကြားတော်မူသောတရားတော်

ဆရာဟူသည် ...

              “ ဆရာဟူသည် တပည့်မရှား တစ်ပြားမရှိ ပီတိကိုစား အားရှိပါသည် ” တဲ့ ... ဆရာတွေ
အကြောင်းကျွန်တော် နဲနဲပြောပြမယ် ... စဉ်းစားပြီး ချင့်ချိန်ရအောင်ပါ ... ဘာဖြစ်လို့လည်း ဆိုတော့
ကျောင်းဆရာ သားသမီးဖြစ် တဲ့ ကျွန်တော်က နည်းနည်းလောက်ပဲသိထားလို့ပါ ...

အရည်အချင်း ...

           တစ်ကယ်တော့ ကျွန်တော်တို့လူငယ်တွေဟာ မိမိမှာရှိတဲ့ အရည်အချင်းကို တန်ဖိုး မထား
တက်ကြဘူး ... တစ်ကယ်တမ်းစဉ်းစားကြည့်ရင် ကျွန်တော်တို့ ဘွဲ့တစ်ခုရရှိဖို အချိန်တွေ ၊ ငွေတွေကို
အသုံးချခဲ့ကြရတာ ... မိမိရရှိထားတဲ့ ဘွဲ့ကို မိမိ တန်ဖိုးမထားရင် ဘယ်သူကလာပြီးတန်ဖိုးထားမှာ
လဲ ... တစ်ကယ်တမ်း တန်ဖိုးမရှိဘူးဆိုရင် ငယ်ငယ်လေးထည်းက သက်မွေးပညာဘဲသင်မှာပေါ့ ...
ဥပမာ လက်မှုပညာတစ်ခုခု ၊ စက်မှုပညာ တစ်ခုခုပေါ့ ... ငယ်ငယ်လေးထဲက ကားဝပ်ရှော့တစ်ခုမှာ
လုပ်ရင်ကားပြင်တက်တဲ့ ဝပ်ရှော့ဆရာတစ်ယောက်ဖြစ်လာမှာပေါ့နော် ... သူလည်းခုလိုခေတ်မျိုးမှာ
ဘဝရပ်တည်လို့ရနှိုင်တာဘဲ ... စဉ်းစားဖို့ပြောတာပါ ... တစ်ကယ်လိုက်လုပ်ဖို့လည်းမဟုတ်ပါဘူး ...

How about thinking !

            တစ်ကယ်တမ်း ပြောရရင် ကျွန်တော်လည်း လူငယ်တစ်ယောက်ပါပဲ ... အသက်သုံးဆယ်ဆို
တဲ့အရွယ်ဟာ တစ်ကယ်တော့ သိပ်မရင့်ကျက်လှပါဘူး ... ဘဝဆိုတာ ဖြတ်သန်းရတဲ့ အတွေ့အကြုံ
ရယ် ခေတ်ရယ်စနစ်ရယ်ဆိုတာ အမြဲတမ်း ပြောင်းလဲခဲ့ပါတယ် ... ဘယ်သူမှကောင်းတယ်ဆိုးတယ်
လို့တော့ မပြောချင်တော့ပါဘူး ... တစ်ကယ်တော့ဖြတ်သန်းခဲ့ရတဲ့ခေတ်တစ်ခုမှာ မိမိကိုယ်ကို အမြဲ
တမ်း စဉ်းစားဝေဖန်နေမိတာတော့ အမှန်ပါ ... တစ်နေ့နေ့မှာ တော့ ဖြစ်ရမယ်ဆိုတဲ့ မျှော်လင့်မှုယုံ
ကြည်မှုတွေကို အခြားသူတွေ သိစေချင်တာတစ်ခုတည်းပါ ...
              ကြိုက်လို့ ဖတ်မှတ်ထားတဲ့ ပုံပြင်လေးတစ်ခုပေါ့ ...

အကျင့်ဆိုး ...