Saturday, 9 April 2011

တေးဘုမ္မာရှင်းတမ်း ...

ဘာသာတရားနှင့် ကင်းဝေးလာသည်နှင့်အမျှ
ရုပ်ဝထ္တုပစ္စည်းများ၏ စွဲဆောင်မှုကို မတွန်းလှန်နှိုင်ပါ။ ...
 
TayBonMar by zawlay1979https://soundcloud.com/zawlay1979/taybonmar?utm_source=clipboard&utm_medium=text&utm_campaign=social_sharinghttps://soundcloud.com/zawlay1979/taybonmar?utm_source=clipboard&utm_medium=text&utm_campaign=social_sharing

Sunday, 3 April 2011

နတ်လူတို့ ပျက်စီးကြောင်းတရား ( ပရာဘဝသုတ် )

          အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာ
ထပိဏ်သူဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဖြစ်သော ဇေတဝန်
ကျောင်းတော်၌ သီတင်းသုံးနေထိုင်တော်မူ၏ ... ထိုအခါ နတ်
ဗြဟ္မာအပေါင်းတို့သည် မြတ်စွာဘုရားထံတော် မှ မင်္ဂလသုတ်
တော်ကို ကြားနာရ၍ မိမိတို့သိလိုသော သတ္တဝါများ၏ ကြီးပွား
ချမ်းသာကြောင်းများကို သိရှိကြရပြီး ထိုမှတစ်ပါး သတ္တဝါများ၏
ပျက်စီးဆုတ်ယုတ်ကြောင်းကိုလည်း သိလိုကြပြန်သေးသည် ...
ထို့ကြောင့် မြတ်စွာဘုရားထံ ထပ်မံလျှောက်ထားရန် အကြံဖြစ်
ပေါ်လာရ၏ ...
    မင်္ဂလသုတ်တော် ကြားနာရပြီး နောက်တစ်နေ့၌ သိ
ကြားမင်း၏ ခိုင်းစေချက်အရ နတ်သားတစ်ပါး လျှောက်ထားမေး
မြန်း၍ ဤပရာဘဝ သုတ်တော်ကို အောက်ပါအတိုင်း မြတ်စွာဘု
ရား ဟောကြားတော်မူခဲ့ပါသည် ...

Saturday, 26 March 2011

ဘာဖြစ်ဖြစ်ကွယ် ...

Lay Phyu ( ဘာဖြစ်ဖြစ်ကွယ် ... ) by zawlay1979

ဘာဖြစ်ဖြစ်ကွယ် ဘဝဟာတန်ဖိုးရှိတယ် ...
နေဖြစ်သလောက်တော့ လောကကြီးထဲ နေဖို့သင့်တယ် ...
သေပစ်လိုက်မယ် ဘာထူးသေးလဲ ...
ဒီလိုမင်းမတွေးနဲ့ မစဉ်းစားနဲ့ သူငယ်ချင်းရယ် ...
ဘယ်နေ့မှန်းလဲ ဘယ်သူမှမသိတယ် ...
လူတိုင်းတနေ့တော့ လမ်းခွဲရမယ် မထူးဆန်းတယ် ...
တကယ်တန်းတွေးရင် ဘဝဟာ အကုန်အမြတ်ကြီးပဲ ...
တစက္ကန့်မှ မင်းမရှုံးဘူး နေပျော်ပါတယ် ...
ဒီအမှောင်ထဲနေဖို့ အလင်းရှိမယ် ...
ဘဝမောဖြည်ဖို့ အားပေးမယ် ...
လူသားဆန်တဲ့ နှလုံးသားရယ် မေတ္တာရှိတယ် ...
အမှောင်ထဲနေဖို့ အလင်းရှိမယ် ...
ဘဝမောဖြည်ဖို့ အားပေးမယ် ...
သံယောဇဉ်ရယ် အနွေးဓါတ်နဲ့ မေတ္တာတရားရှိတယ် ...
ငါတို့မရှိတဲ့ တချိန်ကျတော့လဲ ...
ကမ္ဘာကြီးကတော့ မပြောင်းလဲဘူးကွယ် ...
အရင်တိုင်းပဲ လူအသစ်များနဲ့ အသက်ရှင်လည်ပတ်လိမ့်မယ် ...
မျှော်လင့်ချက်အသစ် အသစ်တွေအမြဲဆက်ရင်း အိမ်မက်လိမ့်မယ် ...
ဒီအမှောင်ထဲနေဖို့ အလင်းရှိမယ် ...
ဘဝမောဖြည်ဖို့ အားပေးမယ် ...
လူသားဆန်တဲ့ နှလုံးသားရယ် မေတ္တာရှိတယ် ...
အမှောင်ထဲနေဖို့ အလင်းရှိမယ် ...
ဘဝမောဖြည်ဖို့ အားပေးမယ် ...
သံယောဇဉ်ရယ် အနွေးဓါတ်နဲ့ မေတ္တာတရားရှိတယ် ...
ဘာဖြစ်ဖြစ်ကွယ် ဘဝဟာတန်ဖိုးရှိတယ် ...

Sunday, 20 March 2011

လမ်းမသိသောယင်ကောင် ...


         စားသောက်ဆိုင်၏ တိတ်ဆိတ်ငြိမ်သက်သော အခန်းလေးတစ် ခုတွင်း ကျွန်တော်ထိုင်နေသည် ... စားသောက်ဆိုင်က မြို့ပြင်ကျကျ တစ်နာရီခရီး အ  ကွာလောက် တောင်တန်းများပင် မြင်နေ၇သည့်
ငြိမ်းချမ်းသော နေရာကလေး ...      သို့သော် ကျွန်တော်နှင့် သုံးလေးပေ အကွာလောက်တွင် သေ
ရေး ရှင်ရေးတမျှ အမောတကော ကြိုးပမ်း ရုန်းကန်သံ တစ်ခုက နားထဲဝင်ရောက်လာသည် ...                               ကောင်လေးတစ်ကောင် ပြတင်းပေါက်မှန်ချပ်  ကို ဖောက် ထွက်ဖို့ အသည်းအသန် ကြိုးစားနေ
သည် ... သူ့ခန္ဒာကိုယ်၌ ကြွင်းကျန်သမျှ စွမ်းအားကို ဖြစ်နှိုင်စရာ မရှိသည့် အရေးကိစ္စအတွက် သူ
ဖြုန်းတီးနေသည် ...

Friday, 18 March 2011

ပညာရှိဖြစ်ချင်သူ ...

     တခါတုန်းက ဂရိနိုင်ငံ အေသင်မြို့မှာ ဉာဏ်ပညာအမြော်အမြင်
အလွန်ကြီးမားချင်တဲ့ လူငယ်တစ်ယောက် ရှိသည်။
     ထိုလူငယ်သည် မြို့ရဲ့ ပညာဉာဏ် အကြီးမားဆုံးလို့ကျော်ကြားတဲ့
အတွေးအခေါ်ပညာရှင် ဆော့ခရေတ္ထိ ဆိုသူထံ အကြံဉာဏ်သွား
တောင်းခံ၏ ပညာရှိဖြစ်ရန် ဘယ်ကဲ့သို့လုပ်ဆောင်ရမည်ဟူ၍ ဖြစ်၏
     ထိုပညာရှိ မှာ ဒဿန စကားပိုင်းအရာတွင် စကားဝိုင်းများတွင်း
ထက်ထက်သန်သန် ဆွေးနွေးဝေဖန်တတ်သော်လည်း သာမာန်အား
ဖြင့် နူတ်ဆိတ် သူတစ်ဦးဖြစ်သည်။ လူငယ်က သူ့အားမေးသော်သူက
ဘာမှမဖြေပဲ ပင်လယ်ကမ်းခြေသို့သာ ခေါ်ဆောင်သွားသည်။

အကျင့်ဆိုး ...