Saturday, 12 February 2011

စကားပြောခြင်းဆိုသည်မှာ ...

   စကား စကား ပြောပါများ  စကားထဲက ဇာတိပြ ၊ တရား တရား ဟောပါများ  တရားထဲက ပါဠိရ ဆိုသော
စကားတစ်ခွန်းရှိသည် ... လူ့လောကတွင် လူသားတစ်ယောက်အဖြစ် အသက်ရှင်နေထိုင်ရသူတိုင်းသည်
အဓိက ပေါင်းသင်းဆက်ဆံရေး လက်နက်အဖြစ် စကားကိုနေ့စဉ်နှင့် အမျှ ပြောဆိုနေကြရသည် ...
ထိုစကားများကိုပြောရင်း အချို့မှာ လူချစ်လူခင်ပေါများပြီး လိုရာဆန္ဒပြည့်ဝစွာ နေရ၏ ... အချို့မှာကား
ဤသို့မဟုတ်ကြ လူအများ၏ မုန်းတီးခြင်းကို ခံရပြီး ဘဝ၏ တိုးတက်ကြီးပွားမှုများနှင့်ကင်းဝေးကာ လိုရာ
ဆန္ဒ မပြည့်ဝဘဲ နေကြရ၏ ...
   မန်လည်ဆရာတော်ဘုရားကြီး၏ မာဃဒေဝလင်္ကာတွင် “ လောကီလူတမ်း ၊ လူ့နှုတ်ခမ်းကား ၊ ချီးမွမ်းကဲ့
ရဲ့ ၊ ဖြစ်ခဲ့တက်ခဲ့ရှင့် ၊ ပြစ်ဖွဲကြည်ညို ၊ ပြောကြဆိုလည်း ၊ ပြောဆိုသူနှင့် ၊ နှိုင်းကာချင့်တည့် ၊ ယခင်ထို
သူ ၊ ယုတ်မြတ်ဟူသည် ၊ အယူတူမျှ ၊ ကြည်ညိုကြ၏ ”  ( ၂၆၁ ) ဟူ၍ဖေါ်ပြထားသည် ... အဓိပ္ပါယ်မှာ လူ
လောက ထုံးတမ်းအစဉ်အလာအရ လူတို့သည် ပါးစပ်ဖြင့် ချီးမွန်းခြင်း ၊ ကဲ့ရဲ့ခြင်း ပြုကြ၏ ... လူတစ်ဦးကို
အပြစ်တင်ခြင်း ၊ အကောင်းပြောဆိုခြင်းတို့သည် ပြောသူက မိမိနှင့် နှိုင်းယှဉ်ပြီး ပြောခြင်းသာဖြစ်၏ ...
ယုတ်ညံ့ခြင်း ၊ မြင့်မြတ်ခြင်းဟူသည်မှာလည်း တစ်ဦးနှင့်တစ်ဦး သဘောအယူအဆခြင်း တူညီကြလျှင်
ယုတ်ညံ့သူဖြစ်စေ ၊ မြင့်မြတ်သူဖြစ်စေ တစ်ဦးနှင့်တစ်ဦး ကြည်ညိုကြသည်သာဖြစ်သည် ...

ရိုးစင်းသောဘဝရဲ့ပျော်ရွှင်မှု ...

Yo Shin Thaw Bawa Ye Pyaw Shwin Hmu by zawlay1979
တစ်ခါတစ်လေမှာ တစ်ယောက်ထဲနဲ့ .. တစ်နေကုန် ဆုံချည်ဆန်ချည် အလုပ်ကြားထဲ ..
ငါလေ ရှေ့ဆက်ရမယ့် မနက်ဖြန် အားအပြည့် ရချင်တယ် ..

နေရောင်ခြည် မဟုတ်လဲပဲ .. ကြယ်စင် လောက်တော့ ငါ့ရဲ့လက်တစ်ကမ်း အတွေး ..
ကိုယ်တတ်စွမ်း သလောက် အလင်းရောင် အနွေးဓာတ် ပေးခဲ့တယ် ..

ရွှေငွေနဲ့ ဂုဏ်သိမ်ဓာတ် တို့ မရှိလဲ နေနိုင်ပါတယ် တစ်သက်လုံး ..
အလိုအပ်ဆုံးက ဘဝကို အရိုးသားဆုံး နေဖို့ ..

နာရီ စက္ကန့်များက ရှားပါးလွန်းတယ် ..
ကိုယ့်ဘဝကို စိတ်ကြိုက်နေလိုက် ..
ရိုးဆန်းလွန်းတဲ့ ဘဝက အကောင်းဆုံးမို့ ..

တစ်ခါတစ်လေမှာ တစ်ယောက်ထဲနဲ့ .. တစ်နေကုန် ဆုံချည်ဆန်ချည် အလုပ်ကြားထဲ ..
ငါလေ ရှေ့ဆက်ရမယ့် မနက်ဖြန် အားအပြည့် ရချင်တယ် ..

နေရောင်ခြည် မဟုတ်လဲပဲ .. ကြယ်စင် လောက်တော့ ငါ့ရဲ့လက်တစ်ကမ်း အတွေး ..
ကိုယ်တတ်စွမ်း သလောက် အလင်းရောင် အနွေးဓာတ် ပေးခဲ့တယ် ..

ရွှေငွေနဲ့ ဂုဏ်သိမ်ဓာတ် တို့ မရှိလဲ နေနိုင်ပါတယ် တစ်သက်လုံး ..
အလိုအပ်ဆုံးက ဘဝကို အရိုးသားဆုံး နေဖို့ ..

နာရီ စက္ကန့်များက ရှားပါးလွန်းတယ် ..
ကိုယ့်ဘဝကို စိတ်ကြိုက်နေလိုက် ..
ရိုးဆန်းလွန်းတဲ့ ဘဝက အကောင်းဆုံးမို့ ..

ရွှေငွေနဲ့ ဂုဏ်သိမ်ဓာတ် တို့ မရှိလဲ နေနိုင်ပါတယ် တစ်သက်လုံး ..
အလိုအပ်ဆုံးက ဘဝကို အရိုးသားဆုံး နေဖို့ ..

နာရီ စက္ကန့်များက ရှားပါးလွန်းတယ် ..
ကိုယ့်ဘဝကို စိတ်ကြိုက်နေလိုက် ..
ရိုးဆန်းလွန်းတဲ့ ဘဝက အကောင်းဆုံးမို့ ..

တွေ့ဆုံချိန်မှာ တန်ဖိုးထား...

တွေ့ဆုံချိန်မှာ မိုးရွာချင်ရွာနေမယ်၊ နေသာချင်သာနေလိမ့်မယ် ...
ဒါပေမယ့် ရင်ထဲမှာ စိတ်လှုပ်ရှားမှု၊ အပျော်တွေ ကိုယ်စီရှိနေကြတယ် ...
မြို့က အကျယ်ကြီး၊ ကမ္ဘာကြီးကလည်း မသေးဘူး ...
ဒီလို ကြီးမားကျယ်ပြန့်တဲ့ နေရာမှာ အချင်းချင်းတွေ့ဆုံဖို့ ဆိုတာကို တစ်ခါမှ မတွေးခဲ့မိဘူး ... လူတစ်ယောက်ကို သိဖို့လွယ်ပေမယ့် တွေ့ဆုံဖို့ဆိုတာ ခက်ခဲလွန်းတယ်။ တစ်နေရာစီမှာ ရှိနေကြတဲ့ အစက်လေး နှစ်စက်အတွက် တွေ့ဆုံဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး ...
ဒါပေမယ့်... တွေးကြည့်ခဲ့ဖူးရဲ့လား ? ...
လူတွေ သိန်း၊ သန်းပေါင်းများစွာ စုရုံးနေတဲ့ ဂြိၤုလ်ပြာကြီးထဲမှာ ဘာကြောင့် ငါတို့တွေ့ဆုံခဲ့ကြသလဲ ? ...
ငယ်ငယ်တုန်းက နားထောင်ခဲ့ဖူးတဲ့ ရာဇဝင်ပုံပြင်ထဲမှာ ...
ရေသူမလေး ရေပြင်ပေါ်ဘွားခနဲ့ ပေါ်လာတဲ့အချိန် မင်းသားရဲ့သင်္ဘောလည်း အဲဒီနေရာကို ဖြတ်သွားတဲ့ အချိန်ဖြစ်နေတယ် ... တောထဲမှာ မင်းသား လှည့်လည်နေတဲ့အချိန် မျှော်လင့်မထားဘဲ စနှိုးဝိုက်နဲ့ တွေ့ဆုံခဲ့တယ်။ တွေ့ဆုံခြင်းက ဒီလောက်ပဲ တိုက်ဆိုက်နိုင်ခဲ့သလား ? ... အဲဒီတွေ့ဆုံခြင်းမှာ နင်ရှိခဲ့တယ်၊ ငါရှိခဲ့တယ် ... တစ်ချိန်တည်း၊ တစ်နေရာတည်းမှာ အချင်းချင်း တွေ့မြင်ကြပြီဆိုရင် ... တွေ့ဆုံခြင်းပါတဲ့ ...
ဂျပန်ကား "Now and Then" က ဇာတ်လိုက်တွေက ဇာတ်လမ်းရဲ့နောက်ဆုံးမှာ ဖဲကြိုးရှည်တွေ လွတ်ပြီး ဒီအချိန်၊ ဒီနေရာမှာ ဒီလူတွေ ရှိခဲ့ကြတယ်ဆိုတာကို အထိမ်းအမှတ် လုပ်ခဲ့ကြတယ် ... ဒါပေမယ့် လူအများရဲ့ တွေ့ဆုံခြင်းမှာ နှုတ်ဆက်ခြင်း၊ အထိမ်းအမှတ်ပြုခြင်းတွေ မရှိခဲ့ကြဘူး ... တစ်ချို့ရဲ့တွေ့ဆုံခြင်းက မျဉ်းကြားမှာ လမ်းဖြတ်ကူးသလိုပဲ ပုခုံးချင်းတိုက် မျက်နှာလွဲှခဲ့ကြတယ် ... နှုတ်ဆက်ဖို့ဆိုတာ ဝေးလို့ သူတို့အနားမှာ ပုခုံးချင်း ပွတ်တိုက်သွားတဲ့ လေစိမ်းတွေသာ ကျန်ရစ်ခဲ့တယ် ...
တကယ်တော့ တွေ့ဆုံဖို့ဆိုတာ မလွယ်လှပါဘူး။ လုံးဝ မလွယ်လှပါဘူး ...
တစ်ခါတလေမှာ ဒီလူ၊ ဒီလူနဲ့ ဒီနေရာမှာ အရမ်းတွေ့ချင်မိတယ်၊ တစ်ခါလောက် ဒီလူ၊ ဒီလူနဲ့ ထပ်ဆုံချင်ပေမယ့် တွေ့ဆုံခြင်းက ဝေး,ဝေးနေခဲ့တယ် ...
ဒါကြောင့် အချင်းချင်း တွေ့ဆုံချိန်မှာ တန်ဖိုးထားကြပြီး နွေးထွေးမှု၊ အကြင်နာတွေ ပိုပါစေ ...
ခွဲခွါခါနီးမှာ "see you"လို့ ပြောဖို့ မမေ့ပါနဲ့ ...
အပြုံးတွေနဲ့ တွေ့ဆုံကြမယ်၊ အပြုံးတွေနဲ့ ခွဲခွါကြမယ် ...
အပြုံးတွေနဲ့ နောက်ထပ်တစ်ခါ တွေ့ဆုံကြစို့...

အကျင့်ဆိုး ...